NEWS FEED Of STIMU


  • Home -
  • ၁၃ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား
research
  • 7,12,2019
၁၃ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား
  • By Admin
  • forum
  • 7,12,2019

STI Myanmar University ၏ ၁၃ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ တွင် ရန်ကုန်မြို့ပြည်လမ်းရှိ Lotte Hotel တွင် မနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် အခမ်းအနားကိုစတင်ခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး STIMU နှင့် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံ Uniersity of Bedfordshire မှ Vice Chancellor Mr.Bill Rammell မှလည်း ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး MBA ( General), MBA( Hospital & Health Service Management , MSc ( Nutrition & Dietetics) MSc (Public Health) မဟာဘွဲ့များ , BA (Hons ) UOBနှင့် BEng(Hons) UOB နှင့် BBA in Management (OUHK) ဘွဲ့ များ နှင့် ဒီပလိုမာရရှိသူများကို အောင်လက်မှတ်နှင့် ဆုများချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီးSTI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ The Open University Hong Kong မှ BBA in Management (OUHK) ဘွဲ့ရရှိသူများနှင့် Platinum ဆုတံဆိပ်ရရှိသူများအား ဘွဲ့လက်မှတ်နှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် STIMU နှင့် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံ Uniersity of Bedfordshire မှ Vice Chancellor Mr.Bill Rammell မှ BA(Hons) Business Administration နှင့် Accounting ဘွဲ့ရရှိသူများ , BEng(Hons) Civil Engineering, Architectural Engineering, Civil Architectural Engineering ဘွဲ့များ ကိုပေးအပ်ချီးမြှင့်ခဲ့ပြိး ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ၊ STI Myanmar University ၏ Consultant ဆရာမကြီးဒေါ်လှကြူမှ ဒုတိယနှစ်အောင်မြင်ပြီးသူများအား Advanced Diploma လက်မှတ်များပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ဆက်လက်၍ ပထမနှစ် အောင်မြင်ပြီးသူများအား STI Myanmar University ၏ Executive Director ဒေါက်တာမျိုးမျိုးနိုင်မှ ဒီပလိုမာလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ခြင်း၊ Foundation Program အောင်မြင်သူများအား Executive Director ဒေါက်တာ ချိုမာလွင်မှ အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခြင်း၊ TESOL, DLM, DSCM ဘွဲ့ဖြင့် အောင်မြင်ပြီးသူများအား STI Myanmar University မှ Senior Lecturer Ms.Alleen Prendergast မှ အောင်လက်မှတ်များပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း မှ STI Myanmar University ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အတူ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။ ထိုအခမ်းအနားသို့ အင်္ဂလန်နိုင်ငံ University of Bedfordshire မှ Vice Chancellor Mr.Bill Rammell နှင့် Executive Dean of Academic Partnership Professor Helen Bailey ၊ STI Myanmar University မှ President ဒေါ်ခင်အေးဝင်းနှင့်တကွ ၊ Board of directors များ ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ၊ ကျောင်း အုပ်ချုပ်ရေးနှင့် သင်ကြားရေးအဖွဲ့ ၀င်ဆရာ၊ဆရာမများ ၊ ကျောင်းသားမိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘွဲ့နှင့်အောင်လက်မှတ်ရရှိထား သော မေဂျာ အသီးသီးမှ ကျောင်းသားကျောင်းသူများ (၉၀၀) ကျော် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..