Prestige Myanmar University

Make the right choice

STI MYANMAR UNIVERSITY

STI Myanmar University သည် သက္ကရာဇ် ၂၀၀၆ ခုနှစ်တွင် STI Education အမည်နှင့်စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော်ကြာ အဆင့်မြင့်ပညာ၊ဘွဲ့ကြို၊ဘွဲ့လွန်ဘာသာရပ်များကို နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း၍ သင်ကြားပို့ချလျက်ရှိသည့် အဆင့်မြင့်ပညာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုအခါ SIT Myanmar University တွင်ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂၅၀၀ ကျော်သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Campus ကြီး ခြောက်ခုတွင် စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာ၊ ကျန်းမာရေးသိပ္ပံ၊ ပညာရေးနှင့်ဆရာအတတ်သင်ဆိုင်ရာဘာသာ၊ အင်ဂျင်နီယာ ဘာသာရပ်အသီးသီးဝင် ဘွဲ့ကြို၊ဘွဲ့လွန် ဒီဂရီများက်ို တတ်ရောက်ပညာသင်ကြားလျှက်ရှ်ိပါသည်။ STI Myanmar University သည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ပထမဆုံး ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှုလိုင်စင်ကို ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုမိန့်အမှတ် ၁၀၆/၂၀၁၈ဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ တရားဝင်ရရှိထားသော အဖွဲ့အစည်းဖြစ်ပါသည်။