STI Myanmar University နှင့် အင်္ဂလန်နိုင်ငံရှိ Queens Award ရရှိထားသော University of Bedfordshire ( UK) ၏ ကမ္ဘာ့အဆင့်မီ သင်ကြားပို့ချနေသော အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့ MSc ( Nutrition & Dietetics) သင်တန်းသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် (၉) နာရီမှ နေ့လယ် (၁၂)နာရီအထိ ထိုင်းနိုင်ငံ Mahidol University မှ အစာအာဟာရပညာရှင် Professor Visith Chavasit လာရောက်၍ အစားအသောက်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများ ကို သင်ကြားပို့ချခဲ့ပါသည်။ Professor Visith Chavasit သည် အစားအစာထုတ်လုပ်မှုနှင့် ပြည်သူကျန်းမာရေးအကြောင်း၊ အစားအစာများကို စက်ရုံများတွင် ပြင်ဆင်ထုတ်ပိုးပုံ ၊ ထုတ်လုပ်မှု နေရာများ တွင် အဆိပ်အတောက်နှင့် ရောဂါပိုးများ ကို မည်ကဲ့သို့ ရှောင်ရှားပုံ အကြောင်းနှင့် ထုတ်ကုန်တစ်ခု ထုတ်လုပ်ရာတွင် ကောင်းကျိုး၊ဆိုးကျိုးအပြင် ဆောင်ရန် ရှောင်ရန် လုပ်ဆောင်သင့် သည့် အချက်များ ၊ Quality အဆင့်ဆင့် ထိန်းသိမ်းပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင် ကိုလည်း ထိခိုက်မှူမရှိအောင် စားသုံးသူများအတွက် လည်း အကျိုးရှိအောင်မည်ကဲ့သို့ပြုလုပ်သင့်သည်များကို လည်း ထိုင်းနိုင်ငံတွင်လက်ရှိ လုပ်ဆောင်နေသော အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ပြောပြခဲ့ရာ သင်တန်းသူ/သားများ ကလည်း စိတ်ဝင်စားစွာဖြင့် သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ ကြကြောင်း သိရှိရပါသည်။
STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..