NEWS FEED Of STIMU


  • Home -
  • Symposium on Endocrinology Ceremony
research
  • 15.12.2019
Symposium on Endocrinology Ceremony
  • By Admin
  • forum
  • 15.12.2019

STI Myanmar University နှင့် ထိုင်းနိုင်ငံ TRH Theptarin Hospital တို့ပူးပေါင်းကျင်းပသည့် Symposium on Endocrinology ကျန်းမာရေးဆွေးနွေးနှီးနှောဖလှယ်ပွဲကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် မနက် (၁၀)နာရီခွဲမှ နေ့လည် (၁၂) နာရီအထိ ရန်ကုန်မြို့ Sule Shangri-La Hotel ပဲခူးခန်းမ တွင် ကျင်းပခဲ့ပါသည်။ TRH Theptarin Hospital သည် ၁၉၈၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ဆီးချိုရောဂါနှင့် သိုက်ရွိုက်ရောဂါကုသရေး ဆေးရုံအဖြစ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇နှောင်းပိုင်း များတွင် “High Atmospheric Pressure Medical Center” ဖြင့် ဆီးချိုဝေဒနာရှင်များ ဖြစ်လေ့ရှိသော အနာများကို ကုသပေးရန်ချဲ့ထွင်တည်ထောင်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် အခမ်းအနား စတင်ဖွင့်လှစ်ပြီး သည်နှင့် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းအေးမှ “ Pitfalls,errors and challenges in the management of thyroid dusfunctions in clinical practice” ခေါင်းစဉ်ဖြင့် သိုက်ရွိုက်ဟော်မုန်း အကြောင်း ဆွေး နွေးဟော ပြောခဲ့ပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ မှ Prof Thep Himathongkam မှ “ Diabetic foot ulcers and treatments in Thilandး 30+ years of experiences” ခေါင်းစဉ်ဖြင့် ခြေထောက်ရှိဆီးချိုနာများကို ကုသပုံ ကုသနည်းများ ၊ အောက်ဆီဂျင်ဖြင့် ကုသနိုင်သော နည်းများကို နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံများနှင့် နှိုင်းယှဉ် ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး ဗဟုသုတအသစ်များကို ရရှိနိုင်သည့် ကျန်းမာရေးအတွက် လွန်စွာအကျိုးရှိသော Symposium တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ အခမ်းအနားမပြီးဆုံးမီ Theptarin Hospital ၏ Presentation Video ကို ပြသခဲ့ပြီး တက်ရောက်လာသူများကို ဆီးချိုရောဂါနှင့်ပတ်သက်၍ အခမဲ့ ကျန်းမာရေးစစ်ဆေး ခြင်းများ၊ ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..